ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၁၆

အများပြည်သူများ စာအုပ်စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ရည်ရွယ်ကာ အလှူရှင်များမှ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံသို့ စာအုပ်လှူဒါန်းခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက Community Center ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာအုပ်လှူဒါန်းရာတွင် အလှူရှင်များဖြစ်သော ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ ၂၉ လမ်း ၈၇×၈၈လမ်းကြားနေ ဦးအောင်ကျော်ထွန်း + ဒေါ်တင်တင်ထွေး တို့ကိုယ်စား မြို့နယ်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ သုတ၊ ရသစာအုပ်များ စုစုပေါင်း (၆၉၇) အုပ်လှူဒါန်းခဲ့ရာ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်