ပျော်ဘွယ် စက်တင်ဘာ ၁၆
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များက ပေပင်လေး ကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို စက်တင်ဘာလ (၁၆) ရက် နံနက် (၇) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်မှုနှင့်ပတ်သက်၍ ပေပင်လေးအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်မင်းအောင်က “ဒီကနေ့မှာတော့ စခန်းမှာရှိတဲ့တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေပူးပေါင်းပြီး ဘုန်းတော်ကြီးကျောင်းအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းဖြစ်ပါတယ်” ဟုရှင်းပြသည်။
တပ်ဖွဲ့ဝင်များစုပေါင်း၍ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ချုံနွယ်ပေါင်းပင်များအား ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများဆယ်ယူခြင်း၊ သာသနာ့အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)