ရမည်းသင်းခရိုင်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချရေး ဆွေးနွေးပွဲ ကျင်းပ

ရမည်းသင်း စက်တင်ဘာ ၁၆

မန္တလေးတိုင်း‌ဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းအဆင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့သည် ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၌ ဥပဒေ၊ စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချရေး ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်ရှိ စိုက်ပျိုး ရေးသွင်းအားစုအရောင်းဆိုင်များမှ (၁၁၂)ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့်သီးနှံကာကွယ်ရေးတာဝန်ခံတို့က မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဆိုင်ရာ ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသော အရောင်းဆိုင်များမှကိုယ်စားလှယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြကာ တာဝန်ခံများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)