ကျောက်ဆည်မြို့နယ်၌ မိုးသီးနှံမျိုးစုံ စိုက်ပျိုးရန်အတွက် စိုက်စရိတ်ငွေ ထုတ်ချေးပေးပြီးဖြစ်

ကျောက်ဆည် စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးသီးနှံမျိုးစုံစိုက်ပျိုးရာတွင် တောင်သူများအဆင်ပြေစေရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် (၉) နာခွဲအချိန်အထိ ငွေ (၁၃၃၀၉) ကျပ်သိန်း ထုတ်ချေးပြီးကြောင်း သိရသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးများ ထုတ်ချေးပေးရာ၌ ကျေးရွာအုပ်စု (၅၅) အုပ်စုမှ တောင်သူ (၂၀၇၅) ဦးအား စပါး (၁) ဧကအတွက် ငွေ (၁) သိန်းခွဲကျပ်၊ ကုလားပဲ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ သီးနှံများအတွက် (၁) ဧက ငွေ (၁) သိန်းကျပ်နှုန်းဖြင့် စပါး (၈၀၆၂) ဧက၊ ပဲတီစိမ်း (၁၁၄၆) ဧက၊ နှမ်း (၁) ဧက၊ ချည်မျှင်ရှည်ဝါသီးနှံ (၅၉) ဧက၊ ကုလားပဲသီးနှံ (၁၀) ဧကအတွက် စိုက်ပျိုးစရိတ်ငွေ (၁၃၃၀၉) ကျပ်သိန်းအား တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်းနှင့် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၂) သောင်းကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)