မိုးနဲမြို့နယ်၌ အစေ့ထုတ်ပြောင်းစံကွက် ရိတ်သိမ်း

မိုးနဲ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အစေ့ထုတ်ပြောင်းစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက နောင်မြိုင်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ တောင်သူ ဦးစိုင်းကျော်မြင့်၏ အစေ့ထုတ်ပြောင်းစိုက်ခင်းနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက (၀ ဒသမ ၁၀)ဧက စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှထွက်နှုန်း အစိုတင်း ၁၃၀ တင်းထွက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် ယခုနှစ်ပြောင်းစိုက်ရာသီတွင် ကျိုင်းတောင်းမြို့အပါအဝင် စုစုပေါင်း ၂၇၈၁၀ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)