အမရပူရ စက်တင်ဘာ ၁၅
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်း သင်တန်းနှစ်အသီးသီး၏ (ဒုတိယနှစ်ဝက်)နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စတုတ္ထနှစ် (၂၀၂၀ ပြည့်နှစ်အောင်)၊ ဒုတိယနှစ်ဂုဏ်ထူးတန်းသင်တန်း၊ ဒုတိယနှစ်မဟာသင်တန်း(ဥပဒေပညာ)၊ ပထမနှစ် စာကြည့်တိုက်နှင့်သုတညာ ဘွဲ့လွန်ဒီပလိုမာ (ပထမနှစ်ဝက်) နေ့သင်တန်း စာမေးပွဲများကို စက်တင်ဘာ ၁၅ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ စာမေးပွဲတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်(ဒုတိယနှစ်ဝက်)တွင် ပထမနှစ်သင်တန်း၊ ဒုတိယနှစ်သင်တန်း၊ တတိယနှစ်သင်တန်း၊ စတုတ္ထနှစ်သင်တန်း၊ မဉ္စမနှစ်သင်တန်း(ဥပဒေ)၊ ပထမနှစ် ဂုဏ်ထူးတန်းသင်တန်း၊ ဒုတိယနှစ် ဂုဏ်ထူးတန်းသင်တန်း၊ တတိယနှစ် ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် ပထမနှစ် မဟာဝိဇ္ဇာ/ သိပ္ပံ/ ဥပဒေ သင်တန်းနှစ် အသီးသီးတို့တွင် တက်ရောက်ပညာသင်ကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမနှစ်ဝက်)တွင် စတုတ္ထနှစ်သင်တန်း(၂၀၂၀ ပြည့်နှစ်အောင်)၊ ဒုတိယနှစ် ဂုဏ်ထူးတန်းသင်တန်း၊ ဒုတိယနှစ် မဟာသင်တန်း(ဥပဒေ)၊ ပထမနှစ်စာကြည့်တိုက်နှင့်သုတပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းနှစ် အသီးသီးတို့တွင် တက်ရောက်ပညာသင်ကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်သူများက ဝင်ရောက် ဖြေဆိုကြသည်။
အဆိုပါ စာမေးပွဲများကို စက်တင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် ကျောင်းဝင်မှတ်ပုံတင် ဦးရေမှာ ၅၀၅၇ဦးရှိကြောင်း သိရသည်။
စိုးသီဟ(အမရ)