မလှိုင် စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်၁၀နာရီက ၂၀၂၅ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မလှိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးမျိုးဝင်းက ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ မဲပေးစက်အကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အကြီးတန်းစာရေးက ရွေးကောက်ပွဲဆိုင်ရာများနှင့် အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုပုံများကို လက်တွေ့သရုပ် ပြသသည်။
ထို့နောက် တက်ရောက်လာကြသူများက အီလက်ထရောနစ်မဲပေးစက်(MEVM) စက်ကို လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြကြောင်းသိရသည်။
မလှိုင်(ပြန်/ဆက်)