မြစ်ကြီးနား စက်တင်ဘာ ၁၅
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအား ကချင်ပြည်နယ်အစိုးရ အဖွဲ့က အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပြီး ရှေးဦးစွာ ပြိုင်ပွဲဝင်ကြမည့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်း အုပ်ချုပ်သူ/ နည်းပြ နှင့် အားကစားသမားများက ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက အားကစားပြိုင်ပွဲများသည် လူငယ်အားကစားသမားများ၏ အားကစားစွမ်းရည်ကို ပြသနိုင်သည့် အခွင့်အရေးတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ အားကစားသမားများ အနေဖြင့် ထူးချွန်သည့် စွမ်းရည်၊ လေ့ကျင့်သားပြည့်ဝမှု၊ ဇွဲလုံ့လနှင့် စိတ်ဓာတ်ခွန်အားများကို စနစ် တကျအသုံးချ၍ ပြည်နယ်လက်ရွေးစင်အဖြစ် ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်နိုင်ရန် လိုအပ်ပါကြောင်း၊ ယနေ့အောင်နိုင်ရေးအလံကိုဂုဏ်ယူဝမ်းမြောက်စွာ ပေးအပ်လိုက်ခြင်းပင်ဖြစ်သည့်အတွက်အားက စားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ပြီး ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်လက်ရွေးစင်အသင်းနည်းပြ ဦးဇော်မြင့်စိန်က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့မှု အခြေအနေများနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက လက်ရွေးစင်အသင်းအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများကို အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများထံ ပေးအပ်ချီးမြှင့်ရာ အသင်း အုပ်ချုပ်သူက ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးအတွက် ကတိစကားပြောကြားခဲ့ကြောင်း သိရဿည်။
ပြည်နယ်(ပြန်/ဆက်)