လှိုင်သာယာ (အနောက်ပိုင်း) ၊ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိူးသူအသင်းတို့ ပူးပေါင်း၍ လစဥ်ပုံမှန် Book Club စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်က လစဥ်ပုံမှန် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာခင်မောင်နိုင် (ဝေဒ) က "လူထဲမှာဘဝရှိလား"ဆောင်းပါးအား ဖတ်ပြခဲ့ရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ စာရေးဆရာ/ဆရာမများက သိရှိလိုသည်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်၊ စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ စာရေး ဆရာ/ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)