လှည်းကူး စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းကောက်ယူခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကလီထော်အနောက်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဒုလဝကမှူးဦးဆောင်၍ ဝန်ထမ်းများက ကလီထော်အနောက်ကျေးရွာရှိ အသက် (၁၇-၁၈) နှစ်ကြားနှင့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းမရှိသူများအား အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကြည်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (လှည်းကူး)