ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ မိတ်ဆက်‌တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ဒဂုံတောင် စက်တက်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားရာတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရေးအတွက် အဖွဲ့၀င်များအားလုံးလက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်သွားကြရေးနှင့် မဲစာရင်းများကပ်ထားရာတွင် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ခွဲဝေထားသည့် ရပ်ကွက်များအလိုက် တာဝန်ယူဆောင်ရွက်ပေးကြရန်များ စသဖြင့် ပြောကြားသည်။

ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များက အသီးသီးမိတ်ဆက်ကြပြီး လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြံပြုဆွေးနွေးကြပြီး အတွင်းရေးမှူးက ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သိသင့်သိထိုက်သည့် အချက်အလက်များကို ဆွေးနွေး‌ပြောကြားသည်။

ထို့နောက် ဒဂုံမြိူ့သစ် (တောင်ပိုင်း) မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သန်းသန်းအေး (ပြန်/ဆက်)