မိုးညှင်း စက်တင်ဘာ ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးကောင်းမြို့နယ်တွင် စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့်ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ ခရိုင်အဆင့်တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့် ဆက်စပ်ဌာနဆိုင်ရာများဖြစ်ကြသည့် စားသုံးသူရေးရာဦးစီးဌာန၊ အသေးစားစက်မူလက်မူလုပ်ငန်းဦးစီးဌာနနှင့် မိုးကောင်းမြို့နယ်မှ သမဝါယမဦးစီးဌာန၊ ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးပေးထားသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မိုးကောင်း)ရုံးတို့မှ တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာနေ ဒေါ်ဖြူဖြူဝင်း၏ (ဟိန်းဓနဆန်း)ဆီစက်လုပ်ငန်းအား လိုက်လံစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
ထို့နောက် ၎င်းဆီစက်လုပ်ငန်းရှင်အား လုပ်ငန်းများပိုမိုတို့ချဲ့ အောင်မြင်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များနှင့် အားနည်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံမှ လုပ်ငန်းလုပ်ထုံး လုပ်နည်းများနှင့်အတူ ပေါင်းစပ်ဆောင်ရွက်စေလိုကြောင်း အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း