ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ခရမ်း စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁) စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ အ.ထ.က (၁) ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌အောင်ရဲက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံပညာရေးမှူး ဦးသိန်းနိုင်က ပညာရေးလုပ်ငန်းစဉ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က (၂) ကျောင်းသား၊ ကျောင်းသူလေးများက "ဘက်စုံပညာကိုရည် တို့လှမ်းချီ "သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၇) ဦး ပေါ်ထွက်လာခဲ့ပါဖြင့် ယနေ့ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)