ကျိုက်ထို စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကံ့ကော်ရပ်ကွက် သစ်လွင်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်း၌ အဆိုပါအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သစ်လွင်ရောင်းဝယ်ရေးသမဝါယမအသင်းဥက္ကဋ္ဌ (သဘာပတိ) ဒေါ်ခင်ဌေးက အမှာစကားပြောကြားပြီး ကျိုက်ထိုမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ အသင်းစုဥက္ကဋ္ဌ ဦးမောင်မောင်လွင်က သမဝါယမလုပ်ငန်းများနှင့်ပက်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် သစ်လွင်ရောင်းဝယ်ရေးသမဝါယမအသင်း၏ အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ အရှုံးအမြတ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်း၊ အသင်းသားစာရင်းစစ်အဖွဲ့ အစီရင်ခံစာများအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဒေါ်အိအိလွင်ကဖတ်ကြားပြီး သဘာပတိ ဒေါ်ခင်ဌေးက အသင်းသားများထံမှ အတည်ပြုချက်ရယူ၍ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)