သုံးခွ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သုံးခွမြို့နယ်အတွင်းရှိ အသက်( ၈၅ )နှစ်အထက် ဘိုးဘွား (၆၄၀)ဦးအတွက် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလထိ တစ်ဦးလျှင် (၆)သောင်းနှုန်းဖြင့် ကျပ်သိန်း ၃၇၈၉၀၀၀၀/- (ကျပ်သုံးရာခုနှစ်ဆယ့်ရှစ်သိန်းကိုသောင်း တိတိ/-) ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ပြုံးပြုံးရီကကြီးကြပ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ယနေ့ထောက်ပံ့ငွေများကို အမှတ် (၁) ရပ်ကွက်မှ (၇)ရပ်ကွက်နေ သက်ကြီး ဘိုးဘွား(၁၀၄)ဦး အားပေးအပ်ခဲ့ကြောင်းသိရပြီး ကျန်ရှိနေသောရပ်ကွက် ကျေးရွာများရှိသက်ကြီးဘိုးဘွားများကို သက်မှတ်ရက်များအလိုက် ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။
စည်သူလင်း ပြန်/ဆက်