ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများတွေ့ဆုံ

ကော့မှူး စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျုံလတာကျေးရွာ၊ ဘို့ဒင်ကျေးရွာ၊ ပျားမွှတ်ကျေးရွာအတွင်းရှိ ကျေးရွာအုပ်ချုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၊ တောင်သူများနှင့် ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာများက တောင်သူများအား စိုက်ပျိုးရေးကဏ္ဍာပန်းတိုင်အထွက် နှုန်းတိုးစေရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲရေး၊ အောင်နိုင်တိုး မျိုးစပါးဖြင့် စိုက်ပျိုးရေး၊ အရည်မီသွင်း အားစုအသုံးပြုရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်နှိမ်နင်းရေး၊ ဓာတ်မြေဩဇာဖြန့်ဖြူးခြင်းကိစ္စရပ်များ ၊အားသုံးစွဲရေးဆောင်ရွက်ကြရန်၊ Seeder ဖြင့် စိုက်ပျိုးရေးအတွက်တောင်သူပညာပေးဆွေး နွေးပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီစတင်ကျင့်သုံးစဉ်က ပြဌာန်းထားပြီးဖြစ်၍ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားအားလုံးအကျုံးဝင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ပြည်သူစစ်မှုထမ်းစနစ်ကျင့်သုံးခြင်းဆိုင်ရာ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းကာလတို့အား ကျေးရွာနေပြည်သူများ ကျယ်ကျယ်သိရှိနိုင်စေရန်တွေ့ဆုံ၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော တောင်သူများ၏ တင်ပြချက်ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း၍ တောင်သူများ၏ လယ်ယာစိုက်ပျိုးရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ