ခိုလမ်မြို့၊ အမှတ်(၉) စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးနေမှုကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း ကြည့်ရှုအားပေး

ခိုလမ် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ နောင်ခမ်း(၁၉မိုင်)ရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၁)နာရီအချိန်က ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/သူများအား အမှတ်(၉) စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးနေမှုကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံဆေးတပ်ရင်းရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ တပ်မတော်သားပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးနေမှုကို လိုက်လံကြည့်ရှုအားပေးကာ အာဟာရပြည့် အစားအစာနှင့် အချိုရည်များပေးဝေပြီး ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

အဆိုပါနယ်လှည့်ဆေးကုသမှုတွင် နှလုံးရောဂါ၊ သွားနှင့်ခံတွင်း‌ရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိ၊ ကျောက်ကပ်၊ ဆီးချို၊ TV ဓာတ်မှန်ရိုက်‌ခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းတို့ကို ဒေသခံတိုင်းရင်းသားပြည်သူနှင့် ကျောင်းသား/သူများအား ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)