ရန်ကုန် စက်တင်ဘာ ၁၅
ရန်ကုန်ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်တက္ကသ်ုလ်(ဝိဇ္ဇာခန်းမ)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကမာရွတ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်သဇင်ဖြူက မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် အသုံးပြုပုံ/ အသုံးပြုနည်းအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက သိလိုသည်များ အားပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြန်မာ့အီလက်ရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကမာရွတ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်တီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)