တံတား စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်၊ အသိပညာဗဟုသုတများရရှိပြီး သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မိမိကိုယ်ကိုကာကွယ်နိုင်ရန်နှင့် မိမိတို့ပတ်ဝန်းကျင်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်သူများကိုလည်း ကူညီကာကွယ်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာများဖြစ်သည့် ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လျှပ်စစ်စီးခြင်းစသည့် အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အများပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်သတိပြုကြရန် လိုအပ်ကြောင်း၊ တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက် ဆောင်ရွက်ချက်များ၊ ဆောင်ရန်/ ရှောင်ရန်အချက်များကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်ကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)