မိုင်းရယ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ဖဖာကျေးရွာပညာ့အလင်းစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲပြုလုပ်

မိုင်းရယ် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် နောင်မိုကျေးရွာအုပ်စု၊ ဖဖာကျေးရွာပညာ့အလင်းစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်အား ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်သည်။

အဆိုပါ ဖဖာကျေးရွာပညာ့အလင်းစာကြည့်တိုက်တွင် ကျေးရွာနေပြည်သူများနှင့် မူလွန်(နောင်မို)ကျောင်းမှ ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မိမိကျေးရွာစာကြည့်တိုက် ရှင်သန်ခိုင်မာရေး၊ ကျေးရွာရှိ ကလေးငယ်များ စာပေဖတ်ရှုမှုအားကောင်းလာစေရေးအတွက်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန် ဟောပြောပါသည်။ ဆက်လက်ပြီး နယ်လှည့်စာကြည့်တိုက်အဖြစ် ကျေးရွာနေကလေးငယ်များအား စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာအုပ်ငှားရမ်းပေးခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ပြုလုပ်သည်။

မိုင်းရယ်မြို့နယ်၊ နောင်မိုကျေးရွာအုပ်စု၊ ဖဖာကျေးရွာပညာ့အလင်းစာကြည့်တိုက်သည် ၄-၃-၂၀၁၀ ခုနှစ်က နိုင်ငံတော်မတည်ငွေနှင့် ကျေးရွာနေပြည်သူများ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောက်လုပ်ခဲ့သည့် ကျေးရွာစာကြည့်တိုက်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)