မိုးနဲမြို့နယ် အမှတ်(၁၀)နမ့်ဟူးပစ် အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

မိုးနဲ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာရှိ အမှတ် (၁၀) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်‌ထောက်-၃ ဒေါ်စန္ဒာ‌အောင်က စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူလေးများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ သတိပြုဖွယ်ပလတ်စတစ်အန္တရာယ် အစရှိသည့် အသိပညာပေးနံရံကပ် စာစောင်အားပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ဖြေကြားပေးခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကြောင်း ကျောင်းသား/သူလေးများ အသိပညာဗဟုသုတ တိုးပွားလာခြင်း၊ စာအုပ်စာပေ၏ အကျိုးကျေးဇူးများကို ပိုမိုနားလည်လာခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံစေခြင်း အစရှိသည့်အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို