ရန်ကုန် စက်တင်ဘာ ၁၅
သန်လျင်ခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်း ဦးဆောင်၍ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တိုင်ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေနံအခြေခံပညာမှုလတန်း (လွန်) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းရင်းဆေပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ ကွင်းဆင်းဆေးကုသရေးအဖွဲ့ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းက ကျောင်းသား၊ ကျောင်းသူများ မိုးရာသီကာလအဖြစ်များသည့် ရောဂါများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးတိုးရောဂါ၊ ရာသီတုပ်ကွေး၊ ချောင်းဆိုးနှင့် အခြားရောဂါများအတွက် ဆေးများ (အခမဲ့) ပေးအပ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ