ဒေါပုံ စက်တင်ဘာ ၁၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဦးဆောင်မှုဖြင့် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့သစ်ရပ်ကွက်ရပ်ကွက်ရှိ အားကစားခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒေါပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသုံးပြုပုံအဆင့်ဆင့်တို့ကို တာ၀န်ရှိသူနည်းပြ ဆရာ၊ ဆရာမများက ရှင်းလင်းပြသခဲ့ကြပါသည်။
ထိုသို့ MEVM မဲပေးစက်နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ရပ်ကွက် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက MEVM စက်အသုံးပြု၍ မဲပေးခြင်းလုပ်ငန်းစဉ်များကို လက်တွေ့ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာ၀န်ရှိသူများနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ လာရောက်ခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)