တန့်ယန်း စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းရေး၊ ဂေဟစနစ်ပျက်စီးမှုမဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ရာသီဥတုမျှတရေးတို့အတွက် ပြည်သူလူထုများ သိရှိနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်အား ယမန်နေ့မွန်းလွဲပိုင်းက ဝိန်းလောင်းဈေး၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဖြန့်ဝေးပေးလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်၌ ထင်းရှူးပင်၏ အရေးပါမှုနှင့် တရားမဝင်ခုတ်ယူမှုမရှိစေရေး၊ တရားမဝင်ခုတ်ယူမှု၏ ဆိုးကျိုးများ၊ ကာကွယ်ရန် လုပ်ဆောင်မည့်အချက်များ၊ တရားမဝင်ခုတ်ယူမှု၏ ဥပဒေများ၊ မှတ်တမ်းပုံများတို့ဖြင့် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအိုက်ပေါင်းအောင်နှင့် ဝန်ထမ်းများက လက်ကမ်းစာစောင်အား အခမဲ့ ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)