တန့်ယန်းမြို့နယ်တွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်အန္တရာယ်အကြောင်း အသိပညာပေး ဟောပြော

တန့်ယန်း  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်အန္တရာယ်အကြောင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရီရီထွေးက ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်အန္တရာယ်အကြောင်းအား ရုပ်ပုံကားချပ်များဖြင့် အသိပညာပေး ဟောပြောရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)