ရွှေပြည်သာမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်

ရွှေပြည်သာ  စက်တင်ဘာ  ၁၅

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်တွင်  မဲဆန္ဒရှင်ပြည်သူများ   မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မဲပေးစက်ဆိုင်ရာ  အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆက်လက်ဆောင် ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉  နာရီမှမွန်းလွဲ ၃ နာရီအထိ အုပ်ဖိုကျေးရွာ၊ ကျောင်းကုန်းကျေး ရွာနှင့် လှော်ကားကျေးရွာတို့ရှိ သတ်မှတ်နေရာ  (၅)ခု၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့   ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများမှ နည်းပြဆရာများက   မြန်မာအီလက်ထရော နစ်မဲပေးစက်အကြောင်း သိကောင်းစရာများကို MEVM စက်၊ ဗီနိုင်း၊ ပိုစတာများဖြင့်ရှင်းလင်း‌ ဟောပြောပြီးမြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ လက်တွေ့စမ်း သပ်မဲပေးခြင်းများကို တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးသည်။

အဆိုပါ   သတ်မှတ်နေရာများတွင် အုပ်ဖိုကျေးရွာမှမဲဆန္ဒရှင် ပြည်သူ ၂၁၀၀. ဦး၊ ကျောင်းကုန်း ကျေးရွာမှ ၁၂၂၀ ဦးနှင့်လှော်ကားကျေးရွာမှ ၁၅၄၈ ဦးတို့အားရွေးကောက်ပွဲနှင့်ပတ်သက်၍ အသိပညာပေး‌ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊  ကြီးကြပ်သူအရာရှိများနှင့် တာဝန်ရှိသူများက  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကျေးရွာနေမဲဆန္ဒရှင်ပြည် သူများနှင့်အတူ   သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများက အနီးကပ် ကြီးကြပ် ပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြကြောင်း သိရှိရသည်။

အေးမိုး(ပြန်/ဆက်)