လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီချစ်ကြည်ရေးဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လယ်(၃)နာရီ၌ အမှတ်(၆)ရပ်ကွက် အောင်မြေသာယာအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် သရုပ်ပြအဖွဲ့မှ သရုပ်ပြဖျော်ဖြေပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်ပြိုင်ပွဲ၀င်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများက ပြိုင်ပွဲ၀င်အားကစားသမားတို့အား ကွင်းအတွင်း လိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိများ၊ ရပ်ကွက်၊ ကျေးရွာ(၁၄)အုပ်စုအတွင်းရှိ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ပြီး အမျိုးသားအားကစားသမားများကို ဘော်လုံးအသင်း(၁၆)သင်း ရှိပြီး အုပ်စု(၄)ဖွဲ့တို့ဖြင့် ဘော်လုံးယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထိုသို့ မိုးရာသီချစ်ကြည်ရေးဖလား ဘော်လုံးပြိုင်ပွဲတွင် တပ်ရင်း(၃)အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အမှတ်(၆)ရပ်ကွက်အသင်းက (၄)ဂိုးဖြင့် အနိုင်ရရှိပြီးဘင်ခရာတပ်ဖွဲ့ဝင်များနှင့် သရုပ်ပြဖျော်ဖြေရေး အဖွဲ့များကိုဂုဏ်ပြုချီးမြှင့်များငွေပေးအပ်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်ဆက်)