ကျေးသီးမြို့နယ်တွင် တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျေးသီး စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်တွင် တီဘီလူနာများ ကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ရှမ်းပြည်နယ်(တောင်ကြီး)မှ ဒေါက်တာအိအိချော ဦးဆောင်သောအဖွဲ့မှ Digital Portable X-Ray စက်ဖြင့် တီဘီရောဂါသံသယလူနာများအား  ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်း၊ Gene xpert စက်ဖြင့် သလိပ်စစ်ဆေးခြင်း၊ တီဘီဆေးအခမဲ့ကုသခြင်း၊ အထွေထွေရောဂါများကုသခြင်း၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်းပြီးလိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် တီဘီရောဂါကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

စိုင်းငင်း(ပြန်/ဆက်)