ချမ်းမြသာစည်မြို့နယ်တွင် ရပ်ကွက်များအလိုက် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများ ကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် ၄၄/၄၅ ကြား၁၀၉(C)ရှိ သီလရက္ခိတ ဓမ္မာရုံတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဥ်များကို မဲဆန္ဒရှင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို  စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်မှ မဲဆန္ဒရှင် ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ ကျင်းပမည့်လုပ်ငန်းစဉ်များ၊ မြန်မာအီလက်‌ထရောနစ် မဲပေးစက်လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ဆွေက မြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း ပြသခဲ့သည်။ ဆက်လက်ပြီး  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက် အသုံးပြု၍ မဲ‌ပေးပုံနည်းစနစ်များအား  လက်တွေ့ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသူများက မြန်မာ အီလက်ထရောနစ် မဲပေးစက်ဖြင့် တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ ဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာ ပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းအခမ်းအနားများအား ရပ်ကွက်များအလိုက် (၁-၉-၂၀၂၅)ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးလွင်နှင့် မြို့နယ်/ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အ‌ဖွဲ့ခွဲဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၆၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့ (ချမ်း/စည်)