လွိုင်လင်မြို့၌ အသက်(၁၀၂) နှစ်ရှိ အဖွားကို e-ID ကတ်ကွင်းဆင်းဆောင်ရွက်ပေး

လွိုင်လင် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက် ဂေါက်ကွင်းလမ်းနေ အသက် (၁၀၂)နှစ်ရှိ အဖွားမိုးဖလေးအား လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန လွိုင်လင်မြို့နယ်ရုံးမှ တာဝန်ရှိသူများက e-ID ကတ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လက်ထောက်ဦးစီးမှူး ဦးအမ်ဒီအိုင်ဇက်နှင့် ဝန်ထမ်းများက e-ID ကတ်ထုတ်ပေးနိုင်ရန် လိုအပ်သည့် အချက်အလက်များရေးသွင်းခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ မျက်လုံးစကင်ဖတ်ခြင်း၊ လက်‌ဗွေရယူခြင်းများ ပြုလုပ်ဆောင်ရွက်ပြီး e-ID ကတ်ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြသည်။

လွိုင်လင်မိုး