မိတ္ထီလာမြို့နယ်တွင် စာရေးဆရာမ တေးသံရှင် မေကျော့ရှင်းက လူငယ်ရေးရာ အသိပညာပေးဟောပြော

မိတ္ထီလာ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စာရေးဆရာမ တေးသံရှင် မေကျော့ရှင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီက မိတ္ထီလာမြို့ ပညာရှင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် စာရေးဆရာမ တေးသံရှင် မေကျော့ရှင်း၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့သည်။ ၎င်းနောက် စာရေးဆရာမ တေးသံရှင် မေကျော့ရှင်းက  လူငယ်နှင့် ဗလငါတန်း၊ မိတ်ကောင်းဆွေကောင်း ရွေးခြယ်ပေါင်းသင်းခြင်း၊ စည်းကမ်းဆိုတာ တန်ဖိုး၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် မြန်မာနိုင်ငံ၊ အတုအပယူတက်မှ ဘဝလှတယ်၊ မူးယစ်ဆေးဝါး ဝေးဝေးရှောင် စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ပညာရှင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက စာရေးဆရာမ တေးသံရှင် မေကျော့ရှင်းအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ပညာရှင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)