တိုက်ကြီး စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးခရိုင်၊ ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်အောင်၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်တိုက်ကြီး မြို့နယ် ဦးစီးမှူး ဦးဝင်းဆွေ ဦးဆောင်၍ ပန်းခင်းစီမံချက်(၃)အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric Data ကောက်ယူ၍ UID ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ရှမ်းစုရပ်ကွက်၊ ရှမ်းကျောင်းကြီးနှီးဘုရားဓမ္မာရုံ၌ ဆောင်ရွက်သည်။
ယင်းသို့ ဆောင်ရွက်ခြင်းလုပ်ငန်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးခင်မောင်စိုး နှင့် အဖွဲ့ဝင်များကလာရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ ရှမ်းစုရပ်ကွက်အတွင်း နေထိုင်သူ ကျား ၄၅ ဦး၊ မ ၆၀ ဦး၊ စုစုပေါင်း ၁၀၅ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက် ပေးသည်။
တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရန် သတ်မှတ်ထားသော လျာထားချက်အား ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လိုအပ်ချက် မရှိစေရေးနှင့် လွယ်ကူလျှင်မြန် အချိန်ကုန်သက်သာစေရန် ဒုတိယအကြိမ်မြောက် ကွင်းဆင်း ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)