ကျောက်တလုံးကြီးမြို့ အ.မ.က ထီပုန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကျောက်တလုံးကြီး စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက အခြေခံပညာမူလတန်းကျောင်း ထီပုန်းတွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှုခံရခြင်းမှကင်းဝေးစေရန် သတိထားသင့်သည့် အချက်များ၊ သတိပြုရမည့်သူများ၊ လူကုန်ကူးမှုကျူးလွန်သူများ ချမှတ်ခံရမည့်ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများစသည့် အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာမှတ်သားခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ရာ ကျောင်းသား/ကျောင်းသူများမှ  လေ့လာမှတ်သားခဲ့ကြပြီး အဆိုပါ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲသို့ အ.မ.က ထီပုန်း‌ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၇၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန္တာ