မိုင်းနောင် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre တွင် ယဥ်ကျေးလိမ္မာသင်တန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့မှစ၍ အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးကြောင်း သိရှိရသည်။
မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားများအားလုံး မိမိတို့ကိုးကွယ်သည့် ဘာသာကို ချစ်ခင်မြတ်နိုးတန်ဘိုးထားတတ်စေရန်၊ ယဥ်ကျေးလိမ္မာ၍ဘာသာ၊ သာသနာအပေါ် သက်ဝင်ယုံကြည်အလေးအနက်ထားတတ်စေရန်၊ ဗုဒ္ဓဘာသာအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ယဥ်ကျေးလိမ္မာသင်တန်းကို ဗဟိုဓမ္မစကူးလ်ဖောင်းဒေးရှင်း၏ ဗုဒ္ဓဘာသာသင်ခန်းစာ ပြဠာန်းချက်ပါ သင်ရိုးများအတိုင်း သင်ကြားကာ ကလေးစာဖတ်ခန်း Activity များကိုပါ ပူးတွဲဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)