လွိုင်လင်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်

လွိုင်လင် စက်တင်ဘာ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက လွိုင်လင်မြို့ မြို့လယ်ကျောင်းတိုက် မဟာမြတ်မုနိဘုရားကြီး အာရုံခံတန်ဆောင်း၌ ပြုလုပ်သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်‌ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုအပိုဝင်ငွေရရှိရေးအတွက် ယခုလို လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌများက သင်တန်းသုံးပစ္စည်းများကို သင်တန်းသူများအား ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ပြီးမြောက်ခဲ့သည်။

အဆိုပါ သင်တန်းသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးသီးမှူး ဦးရာဖာနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ ၂၀ ဦးတက်ရောက်ပြီး သင်တန်းကို  စက်တင်ဘာ ၂၀ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး