ညောင်ဦး စက်တင်ဘာ ၁၅
စက်တင်ဘာ (၁၆) ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခွဲက ပုဂံမြို့အခြေခံ ပညာအထက်တန်းကျောင်း၌ "ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲဆောင်ရွက်သည်။
ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့သမိုင်းကြောင်း၊ အိုဇုန်းလွှာပျက်စီးခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေများ၊ အိုဇုန်းလွှာပျက်စီးခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း ဆက်စပ်သက်ရောက်မှုများ၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံမှပူးပေါင်းဆောင်ရွက်ချက်များ၊ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းနိုင်မည့်နည်းလမ်းများစသည့်ခေါင်းစဥ်များဖြင့် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊တက်ရောက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း