ရမည်းသင်းမြို့နယ်၌  မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေး

ရမည်းသင်း  စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သီလဝခန်းမ၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးခြင်းဆိုင်ရာလုပ်ငန်းများနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်က  ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့ပေါ် ရပ်ကွက်များမှ ပြည်သူများကိုဆာင်ရွက် ပေးသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး  ဦးဇော်မင်းက အီလက်ထရာနစ်မဲပေးစက်(MEVM) အကြောင်းသိကောင်းစရာများနှင့် လက်တွေ့မဲပေးခြင်းဆိုင်ရာ နည်းစနစ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်မြန်မာ့အီလက်ထရာနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးပုံမဲပေးနည်းအဆင့်ဆင့်အား တက်ရောက်လာကြသူများက တစ်ဦးချင်းလက်တွ့ စမ်းသပ်မဲပးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)