ချမ်းမြသာစည်မြို့နယ် အ-ထ-က(၃၀)ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (အကြို) အထက်တန်းအဆင့်/အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အ-ထ-က(၃၀)ကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (အကြို) အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့နံနက် ၉ နာရီက စတင်၍ ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှ‌စုက ပြိုင်ပွဲဝင်စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်(၄) မြို့နယ်ရှိ တစ်မြို့နယ်စီမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ပြီး အထက်တန်းအဆင့်  ကျောင်းပေါင်း (၁၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၀) ဦး၊ အလယ်တန်းအဆင့်ကျောင်းပေါင်း(၁၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က “နှလုံးသားဦးနှောက်ဖွံ့ဖြိုးဖို့တို့တွေစာဖတ်စို့”ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နေ့တွင် ဆုများချီးမြှင့် သွားမည်ဖြစ်သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ မဟာအောင်မြေခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှဆွေနှင့် အ-ထ-က(၃၀)မှ ဆရာ/မများက အနီးကပ် ကြည့်ရှုကြီးကြပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်