ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ချောင်းဆုံ စက်တင်ဘာ ၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် (၁၀)နာရီက ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို (Grade-8) ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မျိုးနိုင်တို့က အမှာစကားပြောကြားကာ ချောင်းဆုံ(အထက)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုသီတာက ပညာရည်ချွန်ဆုပေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ငွေစာရင်းရှင်းတမ်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် တာဝန်ရှိသူများမှ ဆုရရှိကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ပညာရည်ချွန်ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)