ချမ်းမြသာစည်မြို့နယ်တွင်  မဲပေးစက်ဆိုင်ရာ အသိပညာပေး  လက်တွေ့စမ်းသပ် မဲပေး 

ချမ်းမြသာစည်  စက်တင်ဘာ ၁၄

လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက် အသုံးပြု၍ မဲပေးခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်အား ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ ၁၁၁(စီ)၊ ၅၂/၅၃လမ်းကြားရှိ အလကခွဲ (၂၂) ကျောင်းခန်းမတွင်  မဲပေးစက်ဆိုင်ရာ အသိပညာ ပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်က  အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ဆွေက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ မဲပေးပုံ‌ မဲ‌ပေးနည်းများကို ရှင်းလင်းပြသသည်။ ထို့နောက်  တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများက ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူများနှင့် ရပ်ကွက်နေ မဲဆန္ဒရှင် ပြည်သူများ စုစုပေါင်း ၆၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့(ချမ်း/စည်)