ဒဂုံအရှေ့ စက်တင်ဘာ ၁၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများသို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်းနှင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ အမှတ် ၅၊ ၁၁၈ ရပ်ကွက်၊ ရှမ်းတဲကြီးကျေးရွာ၊ ရွာသာကြီး(အရှေ့)ကျေးရွာများရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အသက်(၁၆-၁၈)ကြား၊ နိုင်မရှိသူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ၊ အိမ်ထောင်စုမရှိဘဲ ပုံစံအလွတ်ဖြင့် ကောက်ယူလာသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ အငြိမ်းစား (ဝန်ထမ်း) များနှင့် ရပ်ကွက်နေ ပြည်သူများအား Biometric ကောက်ယူခြင်း လုပ်ငန်းများကိုပါဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ