ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သူများ လက်အလှပန်းချီဆွဲမှု များပြားလာ

ညောင်ဦး စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦ ပတ်ဝန်းကျင်၌ ဖွင့်လှစ်ထားသည့် လက်အလှပန်းချီဆိုင်များတွင် လက်အလှပန်းချီဆွဲမှု များပြားလာခြင်းကြောင့် မိသားစုဝင်ငွေ အထိုက်အလျောက် ရရှိလာကြောင်း ဆင်ဖြူရှင် ကျောင်းတိုက် ကားရပ်နားကွင်းတွင် လက်အလှပန်းချီရေးဆွဲနေသည့် လက်အလှပန်းချီရေးဆွဲ နေသည့် ဦးနိုင်ဝင်းထံက သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး၊ လေ့လာရေး လာရောက်သူ များပြားလာခဲ့ပြီး မြင်းလှည်းအငှားလိုက်သူများ၊ အီးဗိုက် အငှားလိုက်သူများ တဖြည်းဖြည်းများလာကြောင်း၊ မိသားစုဝင်ငွေ ဖြည့်တင်းလာနိုင်ခြင်းနှင့်အတူ နောက်ထပ် ပြည်တွင်းဘုရားဖူးများ များလာခြင်းဖြင့် ပုဂံ-ညောင်ဦး ဒေသခံများ စီးပွားရေး ပြန်လည် အဆင်ပြေလာနိုင်ကြောင်း လက်အလှပန်းချီ ရေးဆွဲနေသည့် ဦးတင်စိုးက ရှင်းပြသည်။

ပုဂံဒေသတွင် လက်အလှပန်းချီရေးဆွဲမှုများ ခေတ်စားနေခဲ့ရာ မြန်မာပြည်အရပ်ရပ်မှ  ဘုရားဖူး လာပြည်သူများ လက်အလှပန်းချီရေးခြယ်မှု မြင့်တက်လာနေပြီး ပုံစံအမျိုးမျိုးဖြင့် ရေးဆွဲကြ ကြောင်း၊ မိန်းခလေး၊ ယောကျ်ားလေး လူကြီး၊ လူငယ်၊ လူလတ်များ အားလုံး လက်ရေးပန်းချီ တတ်မြောက်ကြကာ တစ်ထောင်ငါးရာကျပ်မှ ငါးထောင်ကျပ်တန်ထိ လက်အလှပန်းချီ ဆွဲပေးကြကြောင်း၊ တစ်ရက်ခံ၊ နှစ်ရက်ခံမှ တပတ်ခံထိရေးဆွဲကြကာ သုံးစွဲသည့် ဆေးအပေါ်မူတည်ကာ ဈေးကွာခြားကြောင်း၊ ယွန်းလုပ်ငန်းဖွံ့ဖြိုးစဉ်က ယွန်းလုပ်သမများ၊ ယွန်လုပ်သားများ လက်အလှပန်းချီဆိုင်များ ဖွင့်လှစ်ကာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး များကလည်း လက်အလှပန်းချီ၊ လက်ဆွဲပန်းချီများ ဆွဲလာခြင်းက ပုဂံ-ညောင်ဦး မြို့ခံများ အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာစေပြီး မိသားစုဝင်ငွေလည်း တဘက်တလမ်းက ဖြည့်ဆည်းပေးနိုင်ကြောင်း အခါကြီးရက်ကြီး လပြည့်နေ့များတွင် လက်ပန်းချီ (လက်အလှပန်းချီ) ရေးဆွဲသူများပြားလွန်းကာ လက်ပန်းချီရေးဆွဲသူများ အဆင်ပြေတွက် ခြေကိုက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း