တိုက်ကြီး စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက သင်အင်းကျေးရွာ၌ ပြုလုပ်သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း ရည်ရွယ်ချက်နှင့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေးအသိပညာပေးပြောကြားပြီး စီမံကိန်းတာဝန်ခံက ရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်အင်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြုရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၈၈ ဦးအတွက် ရန်ပုံငွေကျပ် သိန်း ၃၉၀ အား တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)