လသာမြို့နယ်၌ ပြေစာများ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

လသာ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အခွန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်အောင်မေက ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဥ်းသည့် အခွန်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေရှင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အခွန်ဦးစီးဌာနမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတယ်ဖွဲမှူး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)