ကျောက်တန်းမြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားနှင့် စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောက်တန်း စင်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ရှေးဦးပြုစု​ခြင်းနေ့ အခမ်းအနားနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က (မြို့မ) အခြေခံပညာအလယ်တန်းကျောင်းရွှေသံလွင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးထွန်းရီမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အကြောင်း သိကောင်းစရာများနှင့် ကြက်ခြေနီအသင်းကြီး၏ လုပ်ငန်းစဥ်နှင့်ရည်ရွယ်ချက်များကို အကျယ်တစ်ဝင့်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၏ သ၀ဏ်လွှာအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး(တာ၀န်) ဒေါ်လင်းလင်းထိုက်မှ ဖတ်ကြားခဲ့သည်။

ထို့နောက်၂၀၂၅ခုနှစ်ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်စာပေပြိုင်ပွဲတွင် ပါ၀င်ယှဉ် ပြိုင်ခဲ့သည့် တပ်ဖွဲ့၀င်အားဂုဏ်ပြုဆုနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲတွင် ပါ၀င်ယှဉ်ခဲ့သော အခြေခံပညာအထက်တန်းကျောင်း မြိုင်သာယာ၊ အခြေခံ ပညာ အ-မ-က မူလွန်အနောက်ပိုင်း၊အခြေခံပညာအ-မ-က အရှေ့ပိုင်း၊ အခြေ ခံပညာ အ-မ-က ပါဒဝကျောင်းတို့မှ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများမှ ဆုရရှိသူများကို တာဝန်ရှိသူများမှ အသီးသီးဆုချီးမြှင့်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးထွန်းရီနှင့်အမှုဆောင်များ ကြက်ခြေနီခရိုင်တပ်ဖွဲ့မှူး (တာဝန်) ဦးအောင်ကျော်ဦး၊မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး(တာ၀န်) ဒေါ်လင်းလင်းထိုက်၊ ကျောင်းအုပ် ဆရာ ဆရာမများနှင့် ကျောင်း(၄)ကျောင်းမှ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

နေလင်းကျော်