နမ့်စန်(တ) စက်တင်ဘာ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်နှင့် ကျေးရွာများတွင် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပိန်းဆည်ကျေးရွာအုပ်စုရှိ ဈေးကုန်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးမျိုးအောင်က ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့်မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးရခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက တက်ရောက်လာကြသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများကို မြန်မာအီလက်ထရောနစ်စက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်းအား လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါမဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ရာသို့ ဒေသခံပြည်သူ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်၍ စမ်းသပ်မဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်