မိုင်းဖြတ်၌ စပါးစိုက်ပျိုးလျက်ရှိသည့် ယာမြေအား လယ်မြေသို့ ပြောင်းလဲနိုင်ရေး ကွင်းဆင်ကြည့်ရှုစစ်ဆေး

မိုင်းဖြတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊ တောညုအုပ်စု၊ အင်နမ့်ခမ်းကျေးရွာနေ ဒေသခံတောင်သူများ စပါးစိုက်ပျိုးလျက်ရှိသည့် ယာမြေအား လယ်ယာမြေအဖြစ်သို့ ပြောင်းလဲနိုင်းရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဦးစွာ အင်နမ့်ခမ်းကျေးရွာနေ ရွာလူကြီးများနှင့်တွေ့ဆုံ၍ တောင်သူများ၏ လိုအပ်ချက်များ၊ ဆောင်ရွက်မည့်အခြေအနေများကို တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ ပြည်နယ်ခွဲစက်မှုလယ်ယာမှ တာဝန်ခံ ဦးအာကာလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် တာဝန်ရှိသူများ၊ ကျေးရွာနေလူကြီးများက စိုက်ပျိုးယာမြေအား လယ်မြေအဖြစ်သို့ ပြောင်းလဲနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါယာမြေသည် အင်နမ့်ခမ်းကျေးရွာနေ တောင်သူ ၂၁ ဦးတို့၏ စိုက်ပျိုးမြေ ဧက(၆၀)အား လယ်မြေအဖြစ်သို့လည်းကောင်း၊ ရေရရှိရေးအတွက်လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)