ချမ်းအေးသာစံ စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဘူမိဗေဒပညာရှင်အဖွဲ့လိုက်ပါပြီး ယမန်နေ့ညနေပိုင်းက မန္တလေးငလျင်ကြီးကြောင့် တိမ်းစောင်း သွားခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ၏ အောက်ခြေ ကျောက်တုံးကြီးအား ဘေးပတ်ဝန်းကျင်အန္တရာယ် မဖြစ်ပေါ်စေရန် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဘေးပတ်ဝန်းကျင်အန္တရာယ်မဖြစ်ပေါ်စေရန် မွမ်းမံပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အနီးကပ်ကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကွင်းဆင်းစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ဘူမိဗေဒပညာရှင်အဖွဲ့၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၊ တာဝန်ရှိသူများက ကျောက်သေတ္တာစေတီ၏ အောက်ခြေကျောက်တုံးကြီး၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ စောင့်ကြည့်နေမှု၊ ထိန်းသိမ်းဆောင်ရွက်မည့် နည်းလမ်းများအတွက် တိုင်းတာတွက်ချက်ပြီးလုပ်ငန်းအပိုင်းအလိုက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်သွားရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်