(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်မြို့ သမိုင်းဝင်မွေတော်ဖီပြဘုရား၌သန့်ရှင်းရေးဆောင်ရွက်

လွိုင်လင် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့သမိုင်းဝင်မွေတော်ဖီပြဘုရားကြီးတွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မိုးညွန့်ထွန်းနှင့်အရာရှိ၊ တပ်ဖွဲ့ဝင်နှင့်အိမ်ထောင်သည်များစုပေါင်း၍ ယနေ့နံနက်(၆:၃၀) နာရီက အဆိုပါမွေတော်ဖီပြဘုရားကြီးတွင် ပြည်သူ့အကျိုးပြုသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စေတီတော်ရင်ပြင်နှင့်ဘုရားကြီးဝန်းအတွင်း၌ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်ယင်များပေါက်ပွားမှုမရှိစေရန်နှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ခြင်း၊ အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်ခြင်းများကို စုစုပေါင်းအင်အား (၇၅) ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး