နောင်ချို စက်တင်ဘာ ၁၄
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ဝေလင်းအောင်၊ နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝဏ္ဏတို့၏ဦးဆောင်မှုဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီအချိန်က ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးနှင့် စုပေါင်းသွေးလှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူး ရုံးယာယီဒုရဲမှူးကြီး ဝေလင်းအောင်၊ နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝဏ္ဏတို့ကဦးဆောင်၍ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့၊ နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့၊ သီပေါမြို့နယ်ရဲတပ်ဖွဲ့၊ နမ္မတူမြို့နယ် ရဲတပ်ဖွဲ့၊ နောင်ချိုမြို့နယ် သတင်းတပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များက နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြရာ တာဝန်ရှိသူများကကြည့်ရှု အားပေးခဲ့ကြပြီး ကြက်ဥ၊ RoyalD နှင့် သွေးအားတိုးဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)